International News

ကိုရီးယားသမ္မတနိုင်ငံက စားသောက်ကုန်ထုတ်လုပ်သည့်ကုမ္ပဏီများအား နည်းပညာပိုင်းဆိုင်ရာအကူအညီများပံ့ပိုးပေးမည့် စီမံကိန်းအားအကောင်အထည်ဖော်ရန် စတင်ခြင်း

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန (Ministry of Trade, Industry and Energy-MOTIE) ၏ ကိုယ်စား Korea Food Research Institute (KFRI) အဖွဲ့နှင့် ပူးပေါင်း၍ ကိုရီးယားသမ္မတနိုင်ငံ၏ Official Development Assistance- ODA) Grant အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၏ စားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီများအား နည်းပညာပိုင်းဆိုင်ရာ အကူအညီများပံ့ပိုးပေးမည့် ( Korea- Myanmar Technology Advice and Solutions from Korea ( TASK) for Food Processing Industry စီမံ ကိန်းကို ၂၀၂၁ ခုနှစ်၊ မေလ မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ စီမံကိန်းတွင်ပါဝင်နိုင်သည့် လုပ်ငန်းအမျိုးအစားများမှာ အဖျော်ယမကာကဏ္ဍ၊ ဟင်းခတ်အမွှေးအကြိုင်ကဏ္ဍ၊ ဟင်းသီးဟင်းရွက်သစ်သီး ဝလံ ကုန်ချောထုတ်လုပ်ခြင်းကဏ္ဍ၊ ဆေးဆိုးခြင်းနှင့်အမှုန့်ပြုလုပ်ခြင်းကဏ္ဍ၊ ပင်လယ်စာထွက်ကုန်ကဏ္ဍနှင့် အသင့်စားမုန့်မျိုးစုံကဏ္ဍတို့တွင် လုပ် ကိုင်နေသည့် ကုမ္ပဏီနှင့်လုပ်ငန်းများ ပါဝင်နိုင်မည်ဖြစ်သည်။

အဆိုပါ TASK စီမံကိန်းအနေဖြင့် လက်ရှိမြန်မာ့စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် လုပ်ကိုင်နေကြသည့် သမရိုးကျ မိရိုးဖလာ ထုတ် လုပ်မှုနည်းစနစ်များကို အဆင့်မြှင့်တင်နိုင်ရေးအတွက် နည်းပညာဆိုင်ရာအကူအညီများအပါအဝင် စီမံကိန်းတွင်ရွေးချယ်ခံရသည့် မြန်မာ့စားသောက် ကုန်လုပ်ငန်းရှင်များအား ကိုရီးယားသမ္မတနိုင်ငံရှိ ကုန်စည်ပြပွဲများအပြင်စားသောက် ကုန်ထုတ်လုပ်သည့်ကုမ္ပဏီများသို့ လေ့လာရေးခရီးစဉ်များ ပို့ဆောင်ပေးမည့် အစီအစဉ်များလည်း ပါဝင်ကြောင်း တင်ပြလိုက်ပါသည်။

                                                                                                                                                                 မြတ်မြတ်စိုးမိုး (Myantrade)

Category: International News